• HOME
  • ဖြစ်စဥ်များ
  • ဟိုတယ်လုပ်ငန်းရှင်များအတွက်သင်ကြားရေးမှအလုပ်ခန့်အပ်ခြင်းအထိလက်ခံဆောင်ရွက်ပေးနေသော One Stop Service ကောင်တာ

ဟိုတယ်လုပ်ငန်းရှင်များအတွက်သင်ကြားရေးမှအလုပ်ခန့်အပ်ခြင်းအထိလက်ခံဆောင်ရွက်ပေးနေသော One Stop Service ကောင်တာ

ဟော့ကိုင်းဒိုး ခရီးသွားလာရေး၊ လူ့စွမ်းအားအရင်းအမြစ် ကူညီထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (Hokkaido ခရိုင် Sapporo မြို့)

  • လုပ်ထုံးလုပ်နည်းများ
  • ဂျပန်နိုင်ငံသို့လာရောက်ရန်ကူညီထောက်ပံ့ခြင်း
  • လုပ်ငန်းခွင်အခြေအနေအားထိန်းညှိပေးခြင်း
  • လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်း

နိုင်ငံခြားသားဝန်ထမ်းအားခန့်အပ်ခြင်းနှင့်အသုံးပြုခြင်း

ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်၍ ဂျပန်ဘာသာစကား သင်ကြားရေးကို ဆောင်ရွက်ခြင်း

  • ပြည်ပတက္ကသိုလ်၌ဂျပန်ဘာသာစကားသင်ကြားရေးနေပုံ

ဟော့ကိုင်းဒိုးဒေသတစ်ဝှမ်းလုံးရှိ တည်းခိုဆောင်လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသော ဤအဖွဲ့အစည်းတွင်နိုင်ငံခြားသားဝန်ထမ်းများကို ခန့်အပ်ထားရန်အတွက် ပြည်ပတက္ကသိုလ် ဂျပန်ဘာသာဌာန၊ ခရီးသွားလာရေးဌာနများနှင့်ချိတ်ဆက်၍ ဟိုတယ်၊ တည်းခိုခန်းများတွင် အသုံးပြုနိုင်မည့် လက်တွေ့အသုံးချ ဂျပန်ဘာသာသင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။ ထို့အပြင် နိုင်ငံအသီးသီး၌ အလုပ်ခန့်အပ်မှုရှင်းလင်းပွဲများကို ကျင်းပ၍ လူစွမ်းအားအရင်းအမြစ်များကို ပျိုးထောင်ကာ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်ကူညီပံ့ပိုးလျက်ရှိပါသည်။
ပြည်ပသို့ခရီးသွားလာရန်ခက်ခဲသည့် ဟိုတယ်လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်အနေဖြင့်အလုပ်အမှုဆောင်ကော်မတီမှ ရှင်းလင်းပွဲကို ကျင်းပခြင်းမျိုးလည်းရှိပါသည်။ အဖွဲ့အစည်းမှဝန်ထမ်းခေါ်ယူခြင်းကို တာဝန်ယူဆောင်ရွက်ခြင်းဖြင့် အဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များကို လျော့နည်းစေပြီး နိုင်ငံခြားသားဝန်ထမ်းများခန့်အပ်ရာတွင် ကူညီဆောင်ရွက်လျက်ရှိပါသည်။

လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်းအတွက်ဆောင်ရွက်မှုများ

နိုင်ငံခြားသား၊ ဟိုတယ်လုပ်ငန်းရှင် နှစ်ဦးလုံး၏ဆန္ဒကိုအခြေခံ၍ကူညီထောက်ပံ့ခြင်း

  • ထိုင်ဝမ်နိုင်ငံရှိတက္ကသိုလ်သို့သွားရောက်လေ့လာစဥ်

ဤအဖွဲ့အစည်းသည်အထွေထွေတရားဝင်အဖွဲ့အစည်း Overseas Manpower Development Organization Foundation နှင့်ချိတ်ဆက်၍ ပြည်ပတက္ကသိုလ်မှအလုပ်သင်များကို လက်ခံလျက်ရှိပါသည်။ ချိတ်ဆက်ပေးရာတွင် ကျောင်းသားနှင့် လုပ်ငန်းရှင်နှစ်ဦးလုံး၏ဆန္ဒကိုထည့်သွင်းစဥ်းစားပေးသည့်အပြင် ဂျပန်နိုင်ငံသို့လာရောက်ရန်အတွက် ဗီဇာလျှောက်ထားခြင်းများကိုလည်း ကူညီထောက်ပံ့လျက်ရှိပါသည်။
ထို့ပြင် နိုင်ငံခြားသားဝန်ထမ်းမှအလုပ်ဝင်ပြီးနောက်တွင်လည်း အလုပ်အမှုဆောင်ကော်မတီမှ ပုံမှန် ဟိုတယ်အသီးသီးသို့သွားရောက် လေ့လာလည်ပတ်၍ အလုပ်အကိုင်အခြေအနေကိုအမြဲသိရှိအောင် ပြုလုပ်လျက်ရှိပါသည်။ သွားရောက်သောအချိန်တွင် ပြဿနာ တစ်စုံတစ်ရာဖြစ်ပွားကြောင်းသိရှိပါက အလုပ်အမှုဆောင်အဖွဲ့ဝင် သို့မဟုတ် ဟိုတယ်လုပ်ငန်းရှင်များ၏ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အလုပ်အမှုဆောင်ကော်မတီ အထွေထွေအစည်းအဝေး (၁ နှစ်လျှင် ၂ ကြိမ်ကျင်းပသည်) တွင်ပြဿနာအခြေအနေကိုတင်ပြကာဟိုတယ်၊ တည်းခိုခန်းအသီးသီးမှ လျှင်မြန်စွာဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

ကြိုးပမ်းဆောင်ရွက်မှုရလဒ်နှင့်အနာဂတ်အလားအလာများ

နိုင်ငံခြားသားဝန်ထမ်းများကို "ခန့်အပ်ခြင်း" မှ "အခြေကျသည်" အထိဆောင်ရွက်ပေးသောစနစ်

မိတ်ဖက်ကုမ္ပဏီ၊ အထွေထွေတရားဝင်အဖွဲ့အစည်း၏ လှုပ်ရှားမှုအပါအဝင် ယခင် ၄ နှစ်အတွင်း နိုင်ငံခြားသားအလုပ်သင် ၁၀၀၀ ဦးခန့်ကိုလက်ခံခဲ့ကာ အလုပ်သင်ပြီးသူမှဘွဲ့ရပြီးနောက်တွင် အလုပ်အကိုင်ရရှိမှုအခွင့်အလမ်းများလည်း တိုးပွားလာပါသည်။ အလုပ်သင်နေစဥ်အတွင်းနှင့်အလုပ်ဝင်ပြီးနောက် လုပ်ငန်းရှင်မှပုံမှန် သွားရောက်လေ့လာလည်ပတ်ခြင်း၊ အဖွဲ့အစည်းဝန်ထမ်းများနှင့် ဆက်သွယ်ခြင်းဖြင့် နိုင်ငံခြားသားဝန်ထမ်းများသည် စိတ်အေးသက်သာစွာ အလုပ်လုပ်နိုင်သည့်အပြင် လုပ်ငန်းရှင်များ၏ ဝန်ထမ်းခေါ်ယူမှု ဝန်ထုတ်ဝန်ပိုးကိုလျော့ကျရန်အတွက်လည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့အပြင် အဖွဲ့အစည်း၏ လုပ်ဆောင်မှုများတွင် ဟိုတယ်လုပ်ငန်းကိုယ်စားလှယ်များလည်း ပါဝင်ဆောင်ရွက်နေသည့်အတွက် နိုင်ငံခြားသားဝန်ထမ်းများကို ခန့်အပ်ရာ၌ကြုံတွေ့ရမည့်ပြဿနာများနှင့်ဖြေရှင်းမှုများကို လျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့်နိုင်ငံခြားသားဝန်ထမ်းများအတွက်လည်း စိတ်ကျေနပ်မှုအပြည့်အဝရစေသည့် အဖွဲ့အစည်းဖြစ်လာစေရန် မျှော်မှန်းလျက်ရှိပါသည်။

နိုင်ငံခြားသားဝန်ထမ်းများနှင့်ဆက်သွယ်မှုကိုကျယ်ပြန်လာရန် ဆောင်ရွက်မှုများ

ပြည်ပတက္ကသိုလ်များ၊ ဒေသဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်လုံး၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် ချိတ်ဆက်မှုများကို လုပ်ဆောင်ပေးလျက် ရှိခြင်းသည် အောင်မြင်မှု၏အဓိက အချက်ဖြစ်သည်။နောက်ပိုင်းတွင် နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်၏နယ်ပယ်ကိုတိုးချဲ့ရန်အတွက် ဂျပန်ဘာသာစကားပရိုဂရမ် သင်ကြားသည့်နေရာကို တိုးမြှင့်ခြင်းအပြင် "ဟိုတယ်လုပ်ငန်းနယ်ပယ်" တွင်နည်းပညာလေ့လာရေးသင်တန်းသားကို စီမံဆောင်ရွက်သည့် ကြီးကြပ်ရေးအဖွဲ့အစည်းထံသို့လျှောက်လွှာတင်ရန် စီစဥ်လျက်ရှိပါသည်။ ထို့အပြင် ဂျပန်နိုင်ငံအတွင်းရှိ ဂျပန်ဘာသာစာသင်ကျောင်းများနှင့် ချိတ်ဆက်မှုကိုလည်း ပိုမိုခိုင်မာအောင်ပြုလုပ်ကာ ပိုမိုများပြားသော လူ့စွမ်းအားအရင်းအမြစ်နှင့် ချိတ်ဆက်မှုကိုတိုးမြှင့်ရန်စီစဥ်လျက်ရှိပါသည်။

တည်ထောင်သည့်နှစ် ၂၀၁၈ ခုနှစ်
ဝန်ထမ်းဦးရေ အဖွဲ့ဝင်ကုမ္ပဏီ ၁၁ ခု
(ကုမ္ပဏီတွင်းရှိ နိုင်ငံခြားသားဝန်ထမ်း - ယခင် ၄ နှစ်အတွင်း နိုင်ငံခြားသားအလုပ်သင် ၁၀၀၀ ဦးခန့်ကို ခန့်အပ်ခဲ့ပါသည်)
(၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ လက်ရှိ)
(အဓိကနိုင်ငံသားများ)
ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကာဂျစ္စတန်
*သင်ကြားမှုနှင့်ခန့်အပ်မှုအားရည်ရွယ်ခြင်း
အဓိကလုပ်ငန်းအကြောင်းအရာ ပြည်ပတက္ကသိုလ်မှအလုပ်သင်များအားလက်ခံခြင်း၊ နိုင်ငံခြားလူ့စွမ်းအားအရင်းအမြစ်သင်ကြားရေး
URL http://hokkaido-jinzai.com/
ကိုယ်စားလှယ်

ဓာတ်ပုံဘယ်ဘက် - ကိုယ်စားလှယ်ဒါရိုက်တာ Minoru Nakajima/中島 稔 (အထွေထွေတရားဝင်အဖွဲ့အစည်း Overseas Manpower Development Organization Foundation ကိုယ်စားလှယ်ဒါရိုက်တာ)
ဓာတ်ပုံညာဘက် - တည်ဆောင်သူကိုယ်စားလှယ် Kiyomasa Hamano/浜野 清正 (Manseikaku Hotels Co., Ltd. ၏အမှုဆောင်ဒါရိုက်တာ)