• HOME
  • ဖြစ်စဥ်များ
  • ဒေသနှင့်ချိတ်ဆက်၍ နိုင်ငံခြားဝန်ထမ်းအားခန့်အပ်ခြင်းနှင့်အသုံးပြုရန် ရည်ရွယ်ခြင်း

ဒေသနှင့်ချိတ်ဆက်၍ နိုင်ငံခြားဝန်ထမ်းအားခန့်အပ်ခြင်းနှင့်အသုံးပြုရန် ရည်ရွယ်ခြင်း

Takinoyu Hotel Inc. (Yamagata ခရိုင် Tendo မြို့)

  • လုပ်ထုံးလုပ်နည်းများ
  • ဂျပန်နိုင်ငံသို့လာရောက်ရန်ကူညီထောက်ပံ့ခြင်း
  • အိမ်ရာနှင့်နေထိုင်မှုထောက်ပံ့ရေး
  • လုပ်ငန်းခွင်အခြေအနေအားထိန်းညှိပေးခြင်း
  • လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်း
  • စီမံခန့်ခွဲရေးရာရာထူးသို့တိုးမြှင့်ခြင်း

နိုင်ငံခြားသားဝန်ထမ်းအားခန့်အပ်ခြင်းနှင့်အသုံးပြုခြင်း

ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများတိုးလာစေရန်အတွက် ဂလိုဘယ်လိုက်ဇေးရှင်းအားရည်ရွယ်ခြင်း

  • မန်နေဂျာအဖြစ်ကြိုးစားလုပ်ကိုင်နေသောနိုင်ငံခြားသားဝန်ထမ်း (ဓာတ်ပုံနောက်ကျော) နှင့်ဂျပန်လူမျိုးဝန်ထမ်း

အဆိုပါလုပ်ငန်းရှင်များ၏မိတ်ဆက်ပေးမှုကြောင့် ၂၀၀၇ ခုနှစ်မှစ၍ ပြည်ပတက္ကသိုလ်မှအလုပ်သင်များကိုလက်ခံလျက်ရှိကာ ယခုအချိန်အထိ ယေဘုယျအားဖြင့်နှစ်စဥ်အလုပ်သင်စုစုပေါင်း ၃၅ ဦးကို ခန့်အပ်ထားခဲ့ပါသည်။ ဂျပန်နိုင်ငံ၌ နိုင်ငံခြားသားခရီးသွားများ တိုးလာစေရန်အတွက် ဂလိုဘယ်လိုက်ဇေးရှင်းကို ရည်ရွယ်ကာ အနာဂတ်တွင် လူ့စွမ်းအားအရင်းအမြစ် မလုံလောက်မှုများအပေါ် တန်ပြန်ဆောင်ရွက်ခြင်းဟူသည့် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို အခြေခံ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အလုပ်သင်အဖြစ်လုပ်ကိုင်ခဲ့သော ကိုရီးယားနိုင်ငံမှဝန်ထမ်းများသည် အထွေထွေရေးရာဌာန တာဝန်ခံအနေဖြင့် လုပ်ကိုင်လျက်ရှိပါသည်။ နှစ်စဥ်ဂျပန်နိုင်ငံသို့ လာရောက်သောအလုပ်သင်များနှင့် ဂျပန်လူငယ်ဝန်ထမ်းများ အားထားရသည့်အကြံပေးလည်းဖြစ်သည်။ ထို့အပြင် နိုင်ငံခြားသား ဝန်ထမ်းများ ခန့်အပ်ရေးရှိအထွေထွေညှိနှိုင်းရေးနှင့် စာရွက်စာတမ်းများပြုလုပ်ခြင်းတို့တွင် တာဝန်ခံဆောင်ရွက်လျက်ရှိကာ အားထားရသည့်ဝန်ထမ်းအနေဖြင့် အောင်မြင်လျက်ရှိနေပါသည်။

လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်းအတွက်ဆောင်ရွက်မှုများ

ဂျပန်လူမျိုးလူငယ်ဝန်ထမ်း၏လုပ်ငန်းစွမ်းရည်တိုးတက်စေရန်ကူညီခြင်း

  • အလုပ်သင် (ဓာတ်ပုံညာဘက်) အားလမ်းပြသင်ကြားပေးသည့် ဂျပန်လူငယ်ဝန်ထမ်း

ခန့်အပ်ခံရသောအလုပ်သင်သည် ၃ နှစ် မှ ၅ နှစ်မြောက်အတွင်းတွင် လူငယ်ဝန်ထမ်းများနှင့်တွဲဖက်၍ အလုပ်လုပ်ကိုင်လျက်ရှိသည်။ ဧည့်ကြိုကောင်တာထိုင်ခြင်း၊ စားသောက်ဆိုင်လုပ်ငန်း၊ တည်းခိုဆောင်အတွင်း ဧည့်သည်ဝန်ဆောင်မှုပေးခြင်းစသည့် အမျိုးမျိုးသောအလုပ်များကို လုပ်ကိုင်ရင်းနှင့် ဂျပန်နိုင်ငံ၏ ယဥ်ကျေးမှုနှင့်အပြုအမူ၊ အလေ့အကျင့်များကို လေ့လာသင်ယူကာ ဂျပန်နိုင်ငံနှင့် အဆိုပါဒေသတွင်ပျော်မွေ့ပြီးမှ မိမိနိုင်ငံသို့ ပြန်ခိုင်းစေခြင်းဖြင့် ကြိုးစားလုပ်ကိုင်လျက်ရှိပါသည်။
ဂျပန်လူငယ်ဝန်ထမ်းများမှ လမ်းပြသင်ကြားပေးသူအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းများကို ကောင်းမွန်စွာ လမ်းပြသင်ကြားပေးခြင်းဖြင့် မိမိ၏ လုပ်ငန်းစွမ်းရည်ကိုလည်း တိုးတက်စေသည်။ ထို့ပြင် နိုင်ငံခြားသားဝန်ထမ်းများ၏ မှန်ကန်သောစိတ်သဘောထားပြုမူပုံများကို အတုယူကာ လမ်းပြသင်ကြားမှု အကြောင်းအရာများအပေါ် အကြံဉာဏ် ဖလှယ်ခြင်းစသည့် ဆက်သွယ်ပြောဆိုရေးလုပ်ဆောင်မှုမှတစ်ဆင့် ပိုမိုအောင်မြင်ရန် မျှော်လင့်နိုင်ပါသည်။

ကြိုးပမ်းဆောင်ရွက်မှုရလဒ်နှင့်အနာဂတ်အလားအလာများ

အနာဂတ်တွင်စီမံခန့်ခွဲမှုအခြေခံပိုမိုအားကောင်းလာစေရန်အတွက် နိုင်ငံခြားသားဝန်ထမ်းများအားခန့်အပ်ခြင်း

လက်ရှိလုပ်ဆောင်နေလျက်ရှိသောနိုင်ငံခြားသားဝန်ထမ်းများနှင့် အလုပ်သင်အားခေါ်ယူခြင်းဖြင့် ဂျပန်လူမျိုးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းရည်တိုးတက်စေခြင်း၊ ဆက်သွယ်ပြောဆိုရေးတိုးတက်ခြင်းနှင့်လည်း ချိတ်ဆက်လျက်ရှိကာ နိုင်ငံခြားဝန်ထမ်းခေါ်ယူမှုသည် အနာဂတ်တွင်စီမံခန့်ခွဲမှုအခြေခံအား ပိုမိုအားကောင်းလာစေလိမ့်မည်ဟုတွေးမိပါသည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံသားဝန်ထမ်းများကိုအဓိကထား၍ "နည်းပညာ၊ လူသားရေးရာနှင့် နိုင်ငံတကာရေးရာလုပ်ငန်း" ဗီဇာဖြင့်နေထိုင်ခွင့်ဗီဇာရရှိသူကို ၁ နှစ်လျှင် ၁ ဦးခန့်၊ "အထူးကျွမ်းကျင်နည်းပညာ" ဖြင့်နေထိုင်ခွင့်ဗီဇာရရှိသူကို ၁ နှစ်လျှင် ၂ ဦးခန့် ခန့်အပ်နိုင်ရန် ရည်ရွယ်၍ပြည်ပရှိ တက္ကသိုလ်များနှင့်လည်း အတူတကွ လုပ်ကိုင်သွားလိုပါသည်။

ဒေသအတွင်းလုပ်ကိုင်နေသောနိုင်ငံခြားသားဝန်ထမ်းများအားခန့်အပ်ခြင်းနှင့်ပြုစုပျိုးထောင်ခြင်း

၂၀၁၇ ခုနှစ်တွင်တန်းဒိုးရေပူစမ်းရှိဂျပန်စတိုင်တည်းခိုခန်း ၇ ခုအတွက် ရင်းနှီးမြှုပ်နှံကာ "Tendo Onsen DMC Inc." ကိုတည်ထောင်၍ ဒေသထွက်ကုန်များဖန်တီးထုတ်လုပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါနှစ်ပိုင်းအတွင်း ဖြစ်ပွားနေသည့် နိုင်ငံခြားလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကိုစဉ်းစား၍ လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခဲ့ပါသည်။ လူ့စွမ်းအားအရင်းအမြစ် နည်းပါးသော အဆိုပါဒေသတွင် ဒေသခံတည်းခိုခန်းများပူးပေါင်း၍ အထူးကျွမ်းကျင်နည်းပညာ နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်၏အစဖြစ်သည့် နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ခြင်းကို လုပ်ဆောင်ကာ နိုင်ငံခြားသားဝန်ထမ်းများ အလုပ်လုပ်ကိုင်ရလွယ်ကူသည့် အလုပ်ခွင်ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

တည်ထောင်သည့်နှစ် ၁၉၅၈ ခုနှစ်
ဝန်ထမ်းဦးရေ ၁၀၇ ဦး
(ကုမ္ပဏီတွင်းရှိ နိုင်ငံခြားသားဝန်ထမ်း - ၁ ဦး)
(၂၀၁၉ ခုနှစ် ဒီဇင်ဘာလ လက်ရှိ)
(အဓိကနိုင်ငံသားများ)
ကိုရီးယား
* မြန်မာ (၂၀၂၀ ခုနှစ်မှစ၍ အထူးကျွမ်းကျင်နည်းပညာ ၁ ဦး)
အဓိကလုပ်ငန်းအကြောင်းအရာ တည်းခိုခန်းစီမံခန့်ခွဲမှု
URL https://www.takinoyu.com/
ကိုယ်စားလှယ်

အမှုဆောင်ဒါရိုက်တာ
Atsushi Yamaguchi/山口 敦史

အဆောက်အအုံ