• HOME
  • ဖြစ်စဥ်များ
  • မည်သူမဆိုလုပ်ငန်းတည်ထောင်ခြင်းခံယူချက်စိတ်ဓာတ်၏ဆက်ခံသူအနေဖြင့် လှပသောဂျပန်စကားနှင့်ဂျပန်ယဥ်ကျေးမှု၏ဖော်ရွေမှုကို

မည်သူမဆိုလုပ်ငန်းတည်ထောင်ခြင်းခံယူချက်စိတ်ဓာတ်၏ဆက်ခံသူအနေဖြင့် လှပသောဂျပန်စကားနှင့်ဂျပန်ယဥ်ကျေးမှု၏ဖော်ရွေမှုကို

Fujita Kanko Inc. (Tokyo မြို့ Bunkyo ရပ်ကွက်)

  • လုပ်ထုံးလုပ်နည်းများ
  • ဂျပန်နိုင်ငံသို့လာရောက်ရန်ကူညီထောက်ပံ့ခြင်း
  • အိမ်ရာနှင့်နေထိုင်မှုထောက်ပံ့ရေး
  • လုပ်ငန်းခွင်အခြေအနေအားထိန်းညှိပေးခြင်း
  • လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်း
  • စီမံခန့်ခွဲရေးရာရာထူးသို့တိုးမြှင့်ခြင်း

နိုင်ငံခြားသားဝန်ထမ်းအားခန့်အပ်ခြင်းနှင့်အသုံးပြုခြင်း

ဟိုတယ်လုပ်ငန်းနယ်ပယ်နှင့် သန့်ရှင်းရေးလုပ်ငန်းနယ်ပယ် အသီးသီးတွင်အလုပ်ခန့်အပ်ခြင်း၊ လှုပ်ရှားဆောင်ရွက်မှုနှင့် လုပ်ငန်းအကြောင်းအရာအလိုက်ဂျပန်ဘာသာစကားစွမ်းရည် လိုအပ်မှုအဆင့်သတ်မှတ်ခြင်း

  • ဟာလာလ် (Halal) စားသောက်ဆိုင် "Japanese Restaurant ORIGAMI Asakusa" တွင်ဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံခြားသားဝန်ထမ်းများ

သန့်ရှင်းရေးလုပ်ငန်းနယ်ပယ်သည် ၁၉၉၀ ခုနှစ်ပိုင်းမှစ၍၊ ဟိုတယ်လုပ်ငန်းနယ်ပယ်သည် ၂၀၀၀ ခုနှစ်အစပိုင်းမှစ၍ အဓိကလုပ်ငန်းအနေဖြင့်နိုင်ငံခြားသားအလုပ်ခန့်အပ်ခြင်းကို စတင်ခဲ့ပါသည်။ အစပိုင်းတွင် သန့်ရှင်းရေးလုပ်ငန်းနယ်ပယ်၌ ဝန်ထမ်းရှားပါးမှုမှစတင်ခဲ့ခြင်းဖြစ်သော်လည်း ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားလိုအပ်ချက်မြင့်လာတက်ချိန်တွင် ဂျပန်လူမျိုးများသာမကဘဲ အမျိုးမျိုးသောထင်မြင်ချက်များကို နားထောက်ခြင်းဖြင့်ဧည့်သည်လိုအပ်ချက်ကိုဖြည့်ဆည်းရန် လုပ်ဆောင်ကာ အလုပ်ခန့်အပ်မှုများကိုတိုးမြှင့်လာခဲ့ပါသည်။

သန့်ရှင်းရေးလုပ်ငန်းနယ်ပယ်တွင်အလုပ်ခန့်အပ်ရာ၌ ဂျပန်ဘာသာစကားစွမ်းရည်မလိုအပ်ဘဲ အလုပ်လုပ်ရင်းနှင့် သင်ယူစေလျက်ရှိသည်။ တစ်ဖက်တွင် ဟိုတယ်လုပ်ငန်းနယ်ပယ်သည် ဧည့်သည်များနှင့် တိုက်ရိုက်ပြောဆိုဆက်ဆံရခြင်းများရှိပြီး အလုပ်ခန့်အပ်ခြင်း၏ပထမဦးဆုံးလိုအပ်ချက်မှာ ဂျပန်စကားတတ်ကျွမ်းခြင်းနှင့် အလုပ်အကြောင်းအရာအလိုက် ဂျပန်ဘာသာစကားစွမ်းရည်လိုအပ်မှုအဆင့်ကို သတ်မှတ်ထားလျက်ရှိသည်။
ထို့အပြင် သန့်ရှင်းရေးလုပ်ငန်းနယ်ပယ်တွင် စာချုပ်ချုပ်ဆိုထားသော ဝန်ထမ်းသည် မိမိနိုင်ငံသားအချိန်ပိုင်းဝန်ထမ်းများအတွက် စကားပြန်ပေးကာ အထပ်တိုင်းတွင်တူညီသောနိုင်ငံသားများကို စုစည်းထားသည့် စီမံခန့်ခွဲမှုကိုလုပ်ဆောင်ခြင်းစသည့် အကျိုးထိရောက်မှုရှိစေရန် စီစဥ်လျက်ရှိပါသည်။

လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်းအတွက်ဆောင်ရွက်မှုများ

လုပ်ငန်းတည်ထောင်ခြင်းခံယူချက်စိတ်ဓာတ်နှင့်အခြားဘာသာစကားမျိုးစုံကိုအသုံးပြုခြင်းဖြင့် စိတ်ကူးအမြင်ဝေမျှခြင်း၊ ပြည်တွင်း လူ့စွမ်းအားအရင်းအမြစ်နှင့်အတူ တူညီစွာ အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ခြင်း၊ မတူကွဲပြားမှုဖိုရမ်နှင့် နိုင်ငံသားအသီးသီးတို့၏နှီးနှောဖလှယ်ပွဲစသည့် အသေးစိတ် နှီးနှောဖလှယ်ခြင်းနှင့်ကူညီထောက်ပံ့ခြင်း

  • တက်ကြွသောနိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်

ကျွန်ုပ်တို့ကုမ္ပဏီ၏ လုပ်ငန်းယဥ်ကျေးမှုနှင့် လုပ်ငန်းတည်ထောင်ခြင်းခံယူချက်စိတ်ဓာတ်ကိုဖော်ပြသည့် "ဝန်ထမ်းများ၏ နှလုံးသား" နှင့်အခြေခံကျသောအကြောင်းအရာများကို လက်စွဲကိုင်၍ အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာသို့ဘာသာပြန်ဆိုကာ နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်နှင့် ပြည်တွင်းလူ့စွမ်းအားအရင်းအမြစ်ကို ခွဲခြားခြင်းမပြုဘဲလုပ်ငန်းတည်ထောင်ခြင်းခံယူချက်စိတ်ဓာတ်ကို ဆက်ခံသူအနေဖြင့် အထွေထွေစိတ်ကူးအမြင်ကို တည်ဆောက်ရန်ရည်ရွယ်လျက်ရှိသည်။
အလားတူစွာအချိန်ပြည့်ဝန်ထမ်းများခန့်အပ်ရာတွင်လည်း ပြည်တွင်းလူ့စွမ်းအားအရင်းအမြစ်နှင့်မခွဲခြားသည့်အပြင် မည်သူမဆို ကျွမ်းကျင်သောဂျပန်ဘာသာစကားဖြင့် ဖော်ရွေသောဝန်ဆောင်မှုကိုပေးနိုင်ရန် ရည်ရွယ်လျက်ရှိပါသည်။

နေထိုင်ရေးထောက်ပံ့မှုအနေဖြင့် မိခင်ဘာသာစကားအား စကားပြောနိုင်သည့်ဆေးရုံများကို မိတ်ဆက်ပေးလျက်ရှိသည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေးရှုထောင့်မှနေ၍ တူညီသောနိုင်ငံသားများဖြင့်ဖလှယ်ပွဲကို ကျင်းပလျက်ရှိသည့်အပြင် ကုမ္ပဏီအားလုံးဖြင့် ၂ နှစ်လျှင် ၁ ကြိမ်မတူကွဲပြားမှုဖိုရမ်ကို ကျင်းပကာ နိုင်ငံအသီးသီး၏စွဲဆောင်မှုများနှင့်ပတ်သက်၍ မိတ်ဆက်ခြင်းကို ဖိုရမ်ပုံစံဖြင့်တင်ပြပြီး မျှဝေကာ အပြန်အလှန်နားလည်မှုနက်ရှိုင်းစေရန် အားထုတ်မှုများကို စဥ်ဆက်မပျက်လုပ်ဆောင်လျက်ရှိပါသည်။

ကြိုးပမ်းဆောင်ရွက်မှုရလဒ်နှင့်အနာဂတ်အလားအလာများ

သင်ကြားရေးစနစ်နှင့် ခန့်အပ်ရေးစနစ်အား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း

ပညာသင်ကြားရေးဆရာ ( HRDL(Human Resource Development Leader))ကိုထားရှိပြီး နိုင်ငံခြားသားဝန်ထမ်းများမှ နိုင်ငံခြားသားဝန်ထမ်းများအားပညာသင်ကြားခြင်းကို ဖော်ဆောင်နိုင်သည့် စနစ်ကိုလုပ်ဆောင်လျက်ရှိပါသည်။ နောက်ပိုင်းတွင် ထိုအရေအတွက်ကိုတိုးပွားအောင်လုပ်ကာ သင်ကြားရေးအတန်းများနှင့် ဘာသာစကားများစွာဖြင့် ရေးသားထားသည့်စာကြောင်း၏ အကြောင်းအရာကိုပုံဖြင့်ဖော်ပြရန် လည်းစဥ်းစားလျက်ရှိသည်။
တစ်ဘက်တွင် ခန့်အပ်ထားပြီးဖြစ်သောဝန်ထမ်းများ မိမိနိုင်ငံသို့ပြန်ရန်လိုအပ်သည့်အခါ ဝန်ထမ်းခေါ်ယူခြင်းနှင့် စီမံခန့်ခွဲရေးရာရာထူးသို့တိုးမြှင့်ခြင်းတို့ကို ပို၍လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရန်စဥ်းစားလျက်ရှိပါသည်။ လက်ရှိ HOTEL GRACERY SEOUL ၏အထွေထွေ မန်နေဂျာသည် ယခင်က အချိန်ပိုင်းဝန်ထမ်းအနေဖြင့် အလုပ်ခန့်အပ်ခြင်းခံရပြီး ခန်းဆိုင်းဒေသရှိ Washington Hotel ၏ဝန်ထမ်းဟောင်းဖြစ်သည်။ ထို့နောက် စာချုပ်ဝန်ထမ်းဖြစ်လာကာ မိမိနိုင်ငံတွင် ပြန်၍အလုပ်လုပ်ချင်သည်ဟူသော ရည်ရွယ်ချက်ဖြင့် ကာလတစ်ခုကြာ ကုမ္ပဏီမှထွက်ခွာသွားပြီးနောက် ပြန်လည်အလုပ်ခေါ်ယူခြင်းခံရကာ Hotel Gracery Seoul ၏အထွေထွေမန်နေဂျာဖြစ်လာခဲ့ပါသည်။ ထိုကဲ့သို့ အလုပ်အကိုင်ကူးပြောင်းမှုအမျိုးမျိုးနှင့် မိမိနိုင်ငံပြန်လိုသည့်ဆန္ဒများကိုလည်း လိုက်လျောညီထွေစွာ ဆောင်ရွက်ပြီး ဝန်ထမ်းများ၏လုပ်ရှားမှုများကို ပိုမိုအောင်မြင်လာအောင်မြှင့်တင်ပေးလိုပါသည်။

တည်ထောင်သည့်နှစ် ၁၉၅၅ ခုနှစ်
ဝန်ထမ်းဦးရေ ၁၇၀၀ ဦး
(ကုမ္ပဏီတွင်းရှိ နိုင်ငံခြားသားဝန်ထမ်း - ၆၁ ဦး)
(၂၀၂၀ ခုနှစ် ဇန်နဝါရီလ လက်ရှိ)
(အဓိကနိုင်ငံသားများ)
၂၈၀ ဦး (ခရီးသွားလာရေးလုပ်ငန်း) -
အချိန်ပြည့်ဝန်ထမ်း ၂၀%၊ စာချုပ်ဝန်ထမ်း ၄၅%၊ အချိန်ပိုင်းဝန်ထမ်း ၃၅% (နည်းပညာ၊ လူသားရေးရာနှင့် နိုင်ငံတကာရေးရာလုပ်ငန်းဗီဇာ (၇၀%) ၊ အမြဲတမ်းနေထိုင်ခွင့်ရှိသူဗီဇာ (၁၁%)၊ ပညာတော်သင်ကျောင်းသားဗီဇာ (၅.၃%))
တရုတ် (၂၄%)၊ နီပေါ (၁၈%)၊ ကိုရီးယား (၁၇%)၊ ထိုင်ဝမ် (၁၂%)
အဓိကလုပ်ငန်းအကြောင်းအရာ ဟိုတယ်လုပ်ငန်း၊ တည်းခိုခန်းလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း
URL https://www.fujita-kanko.co.jp/
ကိုယ်စားလှယ်

ဥက္ကဌ
Yoshihiro Ise/伊勢 宣弘

အဆောက်အအုံ