ဂျပန်နိုင်ငံ၏ တည်းခိုလုပ်ငန်းသို့ ဝင်ရောက်မည့်သူများကို
ပိုမိုအားကောင်းလာစေရန် ပြုစုပျိုးထောင်သွားမည်။
အသင့်လုပ်ကိုင်နိုင်စွမ်းရှိသော ဒေသရှိ ခရီးသွားလုပ်ငန်းတွင် လက်တွေ့ကျကျ လုပ်ကိုင်နိုင်သူများထိန်းသိမ်းစောင့်ရှောက်မှု နှင့် ပြုစုပျိုးထောင်မှုလုပ်ငန်း

ဂျပန်နိုင်ငံ၏ တည်းခိုလုပ်ငန်းသို့ ဝင်ရောက်မည့်သူများကို
ပိုမိုအားကောင်းလာစေရန် ပြုစုပျိုးထောင်သွားမည်။
အသင့်လုပ်ကိုင်နိုင်စွမ်းရှိသော ဒေသရှိ ခရီးသွားလုပ်ငန်းတွင် လက်တွေ့ကျကျ လုပ်ကိုင်နိုင်သူများထိန်းသိမ်းစောင့်ရှောက်မှု နှင့် ပြုစုပျိုးထောင်မှုလုပ်ငန်း
အသင့်လုပ်ကိုင်နိုင်စွမ်းရှိသော ဒေသရှိ ခရီးသွားလုပ်ငန်းတွင် လက်တွေ့ကျကျ လုပ်ကိုင်နိုင်သူများ
ထိန်းသိမ်းစောင့်ရှောက်မှု နှင့် ပြုစုပျိုးထောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍
ဂျပန်နိုင်ငံ၏ ခရီးသွား လုပ်ငန်းမှာ နိုင်ငံတွင်းရှိ လူဦးရေလျော့ကျမှု၊ ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှု နှင့် သက်ကြီးရွယ်အို တိုးပွားလာမှု၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်
စက်မှုလုပ်ငန်း တည်ဆောက်မှုပြောင်းလဲခြင်း၊ နိုင်ငံတွင်း ခရီးသွားလိုအပ်ချက် ပြည့်တင်းမှု၊ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ
အရှိန်အဟုန်ဖြင့် တိုးပွားလာခြင်း၊ ICT တိုးတက်လာမှု အစရှိသည့် ကြီးမားသော ပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် ပိုမိုမြင်သာလာခဲ့ပါသည်။
အဆိုပါအထဲတွင် ၂၀၁၆ ခုနှစ် မတ်လကုန်တွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ဦးဆောင်သော "အနာဂတ်ဂျပန်ကို ကူညီထောက်ပံ့ပေးမည့် ခရီးသွားလုပ်ငန်း
မျှော်မှန်းချက်ချမှတ် အကောင်အထည်ဖော်သည့် အစည်းအဝေး” ၌ ခရီးသွားလုပ်ငန်း အတွက် လုပ်သားပြုစုပျိုးထောင်မှုမှာအရေးပါသည့် ကဏ္ဍတစ်ရပ်
အနေနှင့် သတ်မှတ်ခြင်းခံခဲ့ရပါ သည်။
နောက်ပိုင်းတွင်လည်းခရီးသွားလုပ်ငန်းကို ဂျပန်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ကူအညီဖြစ်စေသော အခြေခံ လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ပြီး၊ ပိုမိုအဆင့်အတန်း
မြင့်မားသည့် ခရီးသွားနိုင်ငံအဖြစ် ဦးတည်ရန် ခရီးသွားလုပ်ငန်းတွင် တာဝန်ထမ်းဆောင်မယ့်သူများအား "ခရီးသွားလုပ်ငန်းကို ဦးဆောင်နိုင်မည့် အဆင့်မြင့်စီမံအုပ်ချုပ်မှုပိုင်း
ဆိုင်ရာ ဝန်ထမ်း” မှစတင်ကာ "ခရီးသွားလုပ်ငန်း၏ အချက်အချာကျသည့် တာဝန်ကို ထမ်းဆောင်မည့် ဝန်ထမ်းများ"၊ ထို့အပြင် "အသင့်လုပ်ကိုင်နိုင်စွမ်းရှိသော ဒေသရှိ
ခရီးသွားလုပ်ငန်းတွင် လက်တွေ့ကျကျ လုပ်ကိုင်နိုင်သော ခရီးသွားလုပ်ငန်းဝန်ထမ်းများ" အစရှိသည့် အလွှာ၃ခုအလိုက် ပြုစုပျိုးထောင်ပေးသွားရန် လိုအပ်ပါသည်။
ပြဿနာအနေနဲ့ကတော့ လုပ်သားလက်ခံတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တည်းခိုခန်းနဲ့ ဟိုတယ် အစရှိတဲ့ လုပ်ငန်းပတ်ဝန်းကျင်တွေမှာ အသိအမှတ်ပြုမှုနဲ့
နားလည်မှုပိုင်းတွေက လိုက်ပါမလာတဲ့ အတွက်ကြောင့် အဲ့ဒီအကြောင်းတွေကို သိစေဖို့က အရေးကြီးတဲ့ အခက်အခဲတစ်ခု ဖြစ်နေပါသည်။
ယခုလုပ်ငန်းမှာတွင် အထက်မှာဖော်ပြခဲ့တဲ့ အလွှာ၃ခုမှ "အသင့်လုပ်ကိုင်နိုင်စွမ်းရှိသော ဒေသရှိ ခရီးသွားလုပ်ငန်းတွင် လက်တွေ့ကျကျ လုပ်ကိုင်နိုင်သော
ခရီးသွားလုပ်ငန်းဝန်ထမ်း” အထဲမှ "နိုင်ငံခြားသားဝန်ထမ်းများ” ကို ဦးတည်ပြီး ဒေသတွင်းရှိ လူသားရင်းမြစ်မလုံလောက်မှုကိုဖြေဖျောက်နိုင်ရန် ရည်ရွယ်ပြီး၊
တည်းခိုခန်း၊ ဟိုတယ်အစရှိသည်တို့တွင် ဝင်ရောက်လုပ်ကိုင်မည့် ဝန်ထမ်းရင်းမြစ် (နိုင်ငံခြားသားဝန်ထမ်း) များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လုပ်ငန်းခွင်
ကျင့်သားရစေရန် ထောက်ပံ့မှုများကို လက်တွေ့လုပ်ဆောင်ပါမည်။
ဟိုတယ်၊ တည်းခိုခန်း စသည့် တည်းခိုဆောင်လုပ်ငန်း လုပ်ကိုင်နေသူများနှင့် နိုင်ငံခြားသားဝန်ထမ်း များအား အလုပ်ခန့်လိုသော လုပ်ငန်းရှင်များ အတွက်
ရည်ရွယ်သည့် ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံးရှိ နေရာတော်တော်များများတွင် ကျင်းပခဲ့ပါသည်။ နိုင်ငံခြားသား ဝန်ထမ်းအသုံးပြုမှုကို ကောင်းမွန်စွာ သိရှိနားလည်ပြီး၊
နောက်ပိုင်းတွင်လည်း လုပ်ငန်းပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သွားပါမည်။
တစ်ဖန် ယခုဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံခြားသားဝန်ထမ်း အသုံးပြုမှုနှင့်စပ်လျဉ်းသည့် သီးသန့်ဆွေးနွေးမှု များ လုပ်ဆောင်ပေးနိုင်သည့် ကောင်တာများ၊
အဖွဲ့အစည်းများဖွဲ့စည်းပြီး ခရီးသွားလုပ်ငန်း လူသားအရင်းအမြစ်ပြုစုပျိုးထောင်ခြင်းကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမည့် လုပ်ငန်းဖြစ်ပါသည်။
CASE STUDIES ဖြစ်စဥ်များ
-
- လုပ်ထုံးလုပ်နည်းများ
- ဂျပန်နိုင်ငံသို့လာရောက်ရန်ကူညီထောက်ပံ့ခြင်း
- လုပ်ငန်းခွင်အခြေအနေအားထိန်းညှိပေးခြင်း
- လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်း
ဟော့ကိုင်းဒိုး ခရီးသွားလာရေး၊ လူ့စွမ်းအားအရင်းအမြစ် ကူညီထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (Hokkaido ခရိုင် Sapporo မြို့)
-
- လုပ်ထုံးလုပ်နည်းများ
- ဂျပန်နိုင်ငံသို့လာရောက်ရန်ကူညီထောက်ပံ့ခြင်း
- အိမ်ရာနှင့်နေထိုင်မှုထောက်ပံ့ရေး
- လုပ်ငန်းခွင်အခြေအနေအားထိန်းညှိပေးခြင်း
- လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်း
- စီမံခန့်ခွဲရေးရာရာထူးသို့တိုးမြှင့်ခြင်း
Takinoyu Hotel Inc. (Yamagata ခရိုင် Tendo မြို့)
-
- လုပ်ထုံးလုပ်နည်းများ
- ဂျပန်နိုင်ငံသို့လာရောက်ရန်ကူညီထောက်ပံ့ခြင်း
- အိမ်ရာနှင့်နေထိုင်မှုထောက်ပံ့ရေး
- လုပ်ငန်းခွင်အခြေအနေအားထိန်းညှိပေးခြင်း
- လှုပ်ရှားဆောင်ရွက်မှုနှင့်ပြုစုပျိုးထောင်ခြင်း
- စီမံခန့်ခွဲရေးရာရာထူးသို့တိုးမြှင့်ခြင်း
Fujita Kanko Inc. (Tokyo မြို့ Bunkyo ရပ်ကွက်)